ဩဂုတ် ၃၀

ဂျပန်နိုင်ငံရှိတိုယိုတာမော်တာကားစက်ရုံသည် ဩဂုတ်လ ၃၀ ရက်ကစတင်ကာ ၎င်း၏စက်ရုံ ၁၂ ရုံ၌ လုပ်ငန်းများပြန်လည်လည်ပတ်မည်ဖြစ်သည်။

အဆိုပါကားကုမ္ပဏီသည် အော်ဒါမှာယူရန်မဖြစ်နိုင်သော စနစ်ချွတ်ယွင်းမှုကြောင့် ၎င်း၏ ပြည်တွင်းထုတ်လုပ်မှုစက်ရုံ ၁၄ ရုံတွင် ယမန်နေ့ကလုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့သည်။

ထိုကုမ္ပဏီသည် စနစ်ချွတ်ယွင်းရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေစဉ်တွင် ယာယီပြန်လည်ပြင်ဆင်မွမ်းမံရေး လုပ်ဆောင်နေသည်။

ဖူကူအိုကာနှင့် ကျိုတိုခရိုင်တို့တွင် ကျန်ရှိသည့် စက်ရုံနှစ်ရုံ၌ ယနေ့ညနေမှစတင်ကာထုတ်လုပ်မှုဆောင်ရွက်ရန် စီစဉ်ထားသည်။ ဟီးနိုးမော်တော်ကားစက်ရုံသည် အီဘရာကီခရိုင်ရှိ ကိုဂါစက်ရုံတွင် စက်လည်ပတ်မှု ရပ်နားထားမည်ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လွန်ခဲ့သောနှစ်မတ်လက တိုယိုတာကားကုမ္ပဏီသည် ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုဖြင့်ပစ်မှတ်ထားခံရပြီးနောက် ၎င်း၏ပြည်တွင်းရှိ စက်ရုံများအားလုံးတွင် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်ခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို