ဩဂုတ် ၃၁

ဟာရီကိန်းမုန်တိုင်း အီဒလီရာသည် ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ဩဂုတ် ၃၀ ရက်မွန်းလွဲပိုင်းအထိ အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း လေကြောင်းခရီးစဉ် ၉၀၀ ကျော် ပယ်ဖျက်ခဲ့ရသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် Southwest လေကြောင်းလိုင်းအများအပြားရှိရာ ယမန်နေ့က လေကြောင်းခရီးစဉ် ၂၀၀ ကျော် ပယ်ဖျက်ခဲ့ရသည်။

ဂျော်ဂျီယာပြည်နယ်မြို့တော် Atlanta အခြေစိုက် Delta လေကြောင်းလိုင်း ၁၅၀ ပယ်ဖျက်ခဲ့ရသည်။

အားကောင်းသော ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖလော်ရီဒါပြည်နယ်ရှိ တမ်ပါ၊ Clearwaterနှင့် တယ်လာဟတ်စီလေဆိပ်များ ပိတ်ထားရသည်။

ထိုမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ကာ နယ်မြေကျော်လွန်၍ သက်ရောက်နိုင်ပြီး လေဆိပ်သို့ မသွားရောက်မီ လေကြောင်းလိုင်းများနှင့်စစ်ဆေးရန် ခရီးသွားများအား ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို