စက်တင်ဘာ ၅
ဘရာဇီးနိုင်ငံတောင်ဘက်ဆုံးပိုင်း ရီယိုဂရန်ဒီဒူဆုလ်ပြည်နယ်တွင် ယမန်နေ့က အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားကာ လေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
အဆိုပါမုန်တိုင်းတိုက်ခတ်သဖြင့် လူငယ်တစ်ဦးနှင့် စုံတွဲတစ်တွဲတို့၏ကားများ ရေစီးတွင်မျောပါသွားရာမှ ၎င်းတို့သေဆုံးသွားကြောင်းနှင့် အမျိုးသားတစ်ဦးသည် ၎င်း၏နေအိမ်ရေလွှမ်းမိုးခံရချိန်တွင် ဓါတ်လိုက်သေဆုံးသွားကြောင်း ဖော်ပြထားသည်။
ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် ယင်းပြည်နယ်မြို့တော် ပေါ်တိုအာလီဂီအပါအဝင် ဉရုဂွေးနှင့် အာဂျင်တီနားနယ်စပ်ဒေသရှိ မြို့ကြီး ၁၅ မြို့နှင့်အထက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
ဇွန်လက ၎င်းပြည်နယ်တွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ လူ ၁၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


