စက်တင်ဘာ ၆

ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီဒူဆုလ်နှင့် စန်တာကာတာရီနာပြည်နယ်တို့တွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၂ ဦးအထိရှိလာသည်ဟု အာဏာပိုင်များက ယမန်နေ့က ပြောသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၂ ဦးအနက် ၂၁ ဦးသည် ရီယိုဂရန်ဒီဒူဆုလ်ပြည်နယ်မှဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဒီဒူရာဒူက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသည်။

စန်တာကာတာရီနာပြည်နယ် ဂျူပီအာမြို့တွင် ကားတစ်စီးပေါ်သို့ သစ်ပင်လဲကျရာမှ ၎င်းကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဘရာဇီးနိုင်ငံသမ္မတက ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခံရသောဒေသများအတွက် ငွေကြေးထောက်ပံ့ရန်နှင့် ကယ်ဆယ်ရေးသမားများ စေလွှတ်ရန် ပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို