စက်တင်ဘာ ၆
အိန္ဒိယနိုင်ငံ မြို့တော် ဒေလီ၏ ဒေသတွင်း အစိုးရက စက်တင်ဘာလ ၅ ရက်က လျှပ်စစ်ဘတ်စ်ကားအသစ် ၄၀၀ မိတ်ဆက်ပွဲပြုလုပ်ရာ မြို့တော်တွင် လျှပ်စစ်ဘတ်စ်ကားအရေအတွက် ၈၀၀ အထိ ရှိလာသည်။
ဒေလီဒုတိယအုပ်ချုပ်ရေးမှူး V K Saxena နှင့် ဒေလီ၀န်ကြီးချုပ် အာဗင်တို့က ထိုလျှပ်စစ်ဘတ်စ်ကားများပြေးဆွဲသွားရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် မြို့တော်ဒေလီ၏လမ်းများပေါ်တွင် လျှပ်စစ်ဘတ်စ်ကားအစီးရေ ၁၉၀၀ အထိ တိုးလာမည်ဟု မျှော်လင့်ကြောင်း အာဗင်က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


