မကွေး ၁၉ ဖေဖော်ဝါရီ
မကွေးတက္ကသိုလ်တွင် ယနေ့ နံနက် ၉ နာရီက မြန်မာစာရေးဆရာကလပ် ပြည်သူ့နီတိ ပြန့်ပွားထွန်းကားရေးကော်မတီမှ ပြည်သူ့နီတိ အသိပညာပေးဟောပြောပွဲကို ကျင်းပရာ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦး၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခများ၊ ဌာနမှူးများ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၈၀ဝ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာခင်မောင်ဦးက အမှာစကား ပြောကြားခဲ့ပြီး စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) စာရေးဆရာမ ဒေါ်နှင်းဝေငြိမ်းတို့က ပြည်သူ့နီတိ အသိပညာများနှင့်ပတ်သက်၍ ဟောပြောခဲ့ကြောင်းနှင့် မွန်းလွဲပိုင်းတွင် ကွန်ပျူတာ တက္ကသိုလ် (မကွေး) တွင် ဆက်လက်ဟောပြော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


