စက်တင်ဘာ ၁၁

 

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက်က အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၂၁၂၂ ဦး ရှိလာပြီး ၂၄၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ 

 

အဆိုပါငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုဒေသတွင်ကယ်ဆယ်ရေးလုပ်ငန်များ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

 

စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများသည် လိုအပ်သည့်ပမာဏထက် နည်းပါးနေသဖြင့် ကယ်ဆယ်ရေး လုပ်သားများ ဒုက္ခနှင့်ကြုံတွေ့နေရသည်။

 

Al Haouz ပြည်နယ် Ouirgane ကျေးရွာတွင် အိမ်ထောင်စု ၄၅၀ ကျော်ရှိရာ နေအိမ်အများစုသည် ပြိုကျ သို့မဟုတ် ပျက်စီးမှုများပြားသည်ဟု သိရသည်။

 

မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားကယ်ဆယ်ရေးလုပ်သားများသည် စက်ကြီးများမရှိသဖြင့် နေအိမ်အပျက်အစီး၊ အကျိုးအပဲ့များကို ၎င်းတို့၏လက်များဖြင့် ဖယ်ရှားခဲ့ရသည်။

 

ထိုကျေးရွာတွင် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောသည်။ အမျိုးသားတစ်ဦး၏နေအိမ်ပြိုကျခဲ့ပြီးနောက် ၎င်း၏အိမ်နီးချင်းများက ၎င်းကိုကယ်ဆယ်ခဲ့ကြခြင်းဖြစ်ကြောင်း ထိုအမျိုးသားက ပြောသည်။  ယင်းငလျင်လှုပ်ခတ်မှုတွင် ၎င်း၏ဆွေမျိုးငါးဦးသေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

 

မော်ရိုကိုအစိုးရအဖွဲ့တာဝန်ရှိသူများက ငလျင်ဘေးသင့်သူများအား ရွက်ဖျင်တဲများ ဖြန့်ဝေပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို