စက်တင်ဘာ ၁၃
လစ်ဗျားနိုင်ငံအရှေ့ပိုင်း၌ စက်တင်ဘာ ၁၀ ရက်နေ့က မြေထဲပင်လယ်မုန်တိုင်း ဒန်နီရယ်တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် လူသေဆုံးမှု ၅၃၀၀ ကျော်ရှိပြီး ၁၀၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အရှေ့ဘက်အခြေစိုက် ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က ပြောသည်။
မြို့တော်ထရီပိုလီ၏အရှေ့ဘက် ကီလိုမီတာ ၁၃၀၀ အကွာ ဒါနာမြို့တွင် ထိုမုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်ဟု သိရသည်။
နိုင်ငံတကာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ကိုယ်စားပြုသည့် လစ်ဗျာအထူးသံတမန်က ယမန်နေ့ကပြုလုပ်သော ကုလသမဂ္ဂအစည်းအဝေးတွင် ရေဘေးသင့်ဒေသများ၌ လူ ၁၀၀၀၀ ထက်မနည်း စာရင်းပျောက်နေဆဲဖြစ်သည်ဟု ပြောသည်။
လစ်ဗျားနိုင်ငံအရှေ့ပိုင်းတွင် မြေထဲပင်လယ်မုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက်ရှိ အခြေခံအဆောက်အအုံများ ပျက်စီးမှုများပြားခဲ့သည်။
လစ်ဗျားနိုင်ငံ၏ ထရီပိုလီ အခြေစိုက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရအဖွဲ့၏ဝန်ကြီးချုပ် အဗ္ဗဒူလ် ဟာမက်ဒီဘီဘက်က ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် စည်းလုံး ညီညွတ်မှုရှိကြရန် တိုက်တွန်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


