အိမ်မဲ ၁၉ ဖေဖော်ဝါရီ 


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့အထက်ပိုင်း ရပ်ကွက်(၁၄)လမ်းထိပ်ရှိ အမှတ်(၂၉) မိုးကုတ်ဝိပဿနာ ဓမ္မာရိပ်သာ၌ ဆေးတက္ကသိုလ်(၂)ရန်ကုန် မိသားစုမှ အထူးကုဆရာဝန်ကြီးများက အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဖေဖော်ဝါရီလ၂၃ ရက်နေ့တွင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများကို မြို့နယ်ပရဟိတအသင်းနှင့် ဆေးတက္ကသိုလ်(၂)ရန်ကုန်မိသားစုတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကုသမှုအဖွဲ့တွင် ပါမောက္ခသမားတော်ကြီးများ၊ အထွေထွေရောဂါကုသမားတော်ကြီးများ၊ ပါမောက္ခခွဲစိတ် အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ ၊မျက်စိ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊ အရေပြားအထူးကုဆရာဝန်ကြီးများက အခမဲ့ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက်မည်ဖြစ်သဖြင့် မည်သူမဆို အခမဲ့ လာရောက်၍ ကုသမှုခံယူနိုင်ကြောင်းနှင့် ကုသမှုခံယူသူများအနေဖြင့် ဒေါက်တာမျိုးကျော်အောင် (ဝ၉-၇၈၈၁၅၈၇၆၀)၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံစိုး(ဝ၉-၇၇၅၁၆၆၁၄၀)နှင့် ဦးမျိုးညွှန့် (နန်းထိုက်)(ဝ၉-၉၇၄၅၅၅၃၃၃)သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


ချစ်သက်လယ် (အိမ်မဲ -ပြန်/ဆက်)