စက်တင်ဘာ ၁၄

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတောင်ထူထပ်သောဒေသတွင် စက်တင်ဘာ ၁၃ ရက်က ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် ငါးဦးသေဆုံးပြီး အခြားလေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့်ထိန်းချုပ်ရေးဆိုင်ရာ ကော်မတီက ယနေ့တွင် ပြောသည်။

အဆိုပါကော်မတီ၏ပြောကြားချက်အရ Lao Cai ပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုတို့ကြောင့် နေအိမ် ၁၃ လုံး ပြိုကျပျက်စီးခဲ့သည်။ ငါးမွေးမြူရေးကန် ၆၁ ခုနှင့် လယ်မြေ ဟက်တာ ၁၅၀ နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။

Lao Cai ပြည်နယ် ဆာပါမြို့ရှိ ခရီးသွားနေရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဗီယက်နမ်ဒေါင် ၂၅၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း ) ရှိသည်ဟု သိရသည်။

မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် မြစ်ရေမြင့်တက်မှုတို့နှင့်ပတ်သက်ပြီး ထိုကော်မတီက ဒေသခံများအား သတိပေးပြောကြားထားသည်။

ယခုနှစ်ပထမရှစ်လအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်တန်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူ ၇၉ ဦး သေဆုံး သို့မဟုတ် အခြား ၉၁ ဦး ပျောက်ဆုံးနေကြောင်း အထွေထွေစာရင်းအင်းရုံးက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို