နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျင်းပမည့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်အညီ စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းဆောင်ရွက်ရမည့် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံညှိနှိ်ုင်းဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


 
အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရှိ ကနောင်ခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။

 

အလားတူ WCC ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် ကနောင်ခန်းမ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီတွင် ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ Hotel Marvel ၌လည်းကောင်း ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအနေဖြင့် သတင်းရယူနိုင်ကြောင်း သိရသည်။ 

 

မွှေးကြူဇင်