မတ္တရာ ၁၉ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုပေးရေးအဖွဲ့မှ ကျင်းပပြုလုပ်သော အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီက အမှတ်(၁)ရပ်ကွက် ဆုတောင်းပြည့် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်စိုးစန္ဒာထွန်းနှင့် ဦးစိုးပြည့်ဦးတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ၏ လုပ်ငန်းတာဝန်များ၊ ဥပဒေပုဒ်မများနှင့် ပတ်သက်သော ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အမှတ်(၁) (၃) (၄) (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ တက်ရောက်ခဲ့ကြပြီး ဟောပြောဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


