မအူပင် ၁၉ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဦးဆောင်သော နယ်လှည့်မှုခင်းပညာပေးယာဉ်သည် ယနေ့နံနက်ပိုင်းက မအူပင်မြို့သို့ရောက်ပြီး မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် မှုခင်းကျဆင်းရေး အသိပညာပေး ပြခန်းများ၊ ပညာပေးဗီဒီယိုကားများနှင့် ဟောပြောပွဲများကို ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များက ပြည်သူလူထုအတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ မှုခင်းပညာပေးယာဉ်အား မြို့နယ်အတွင်းရှိ ပြည်သူများ၊ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ အလည်အပတ်ရောက်ရှိသည့် နိုင်ငံခြားဧည့်သည်များ စိတ်ဝင်စားစွာ လေ့လာကြကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)


