မိုင်းယောင်း ၂၀ ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထပ်လုံစွမ်ယောင်းစေတီတော်တွင် တည်ထားကိုးကွယ်သည့် ထပ်လုံလျောင်းတော်မူဘုရား ရေစက်ချလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၉ ရက် (တပို့တွဲလပြည့်နေ့)က မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဟိုခုံကျောင်းတိုက်ဆရာတော်၊ မိုင်းလင်းဆရာတော်နှင့် မယ်ဆွေဆရာတော်တို့က ဦးဆောင်ပြီး ရေစက်ချလှူဒါန်းခဲ့ကြရာ အနယ်နယ်အရပ်က ကုသိုလ်ပြုသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

 

123


ထပ်လုံလျောင်းတော်မူဘုရား ရေစက်ချလှူဒါန်းပွဲသို့ ထိုင်းနိုင်ငံ ကျိုင်းရှဲန်၊ ချင်းဟိုင်း၊ ချင်းမိုင်နှင့် တရုတ် နိုင်ငံ ကျိုင်းဟုန်၊ မိုင်းလုံးနှင့် ဆစ်ဆောင်ပန်းနားမှ ဘုရားဖူးဧည့်သည်များအပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းလား၊ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းပါလျှိုးမှ ကုသိုလ်ပြုသူများတို့သည် ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် လာရောက်ခဲ့ကြသည်။


ထို့နောက် မြို့၏အထင်ကရနေရာများဖြစ်သည့် ဗောဓိရွှေညောင်ပင်၊ ဈာန်ရကိုရင်ကြီး တောရကျောင်းနှင့် ဟိုခုံကျောင်းတိုက်ရှိ အသောကသိမ်တော်များတို့တွင် တရားဘာဝနာအားထုတ်သူများ၊ ကုသိုလ်ပြုသူ များဖြင့်  အထူးစည်ကားများပြားခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

 

123