ပုဗ္ဗသီရိ ၂၀ ဖေဖော်ဝါရီ
စာကြည့်တိုက်များရေရှည်တည်မြဲစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့် တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာ ကြည့်တိုက်၌ ကျင်းပခဲ့သည်။
ဆေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက စာကြည့်တိုက်များတွင် စာအုပ်များကို ပညာရပ်အလိုက် တိုက်ပိုင်စာရင်းထားရှိပုံများ၊ စာအုပ်များ လေလွင့်ပျက်စီးမှု မရှိအောင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စာကြည့်တိုက်မှူးများကို သင်တန်းများပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး နေပြည်တော်တိုင်း စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့၊ မြို့နယ်အတွင်းရှိစာရေးဆရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များနှင့် ပူးပေါင်း၍ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူး များမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာကြည့်တိုက်စံနမူနာ သတ်မှတ်ချက်များနှင့်အညီထားရှိရေးများကို ညှိနှိုင်းဆွေးနွေးတိုင်ပင် ကြသည်။
အဆိုပါဆွေးနွေးပွဲကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာလင်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာ(၈)ခုမှ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


