ဘန်ကောက်၊ အောက်တိုဘာ ၃၀
ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်က ဟားမားစ်တို့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ဓားစာခံများ လွတ်မြောက်ရေးအတွက် အရှေ့အလယ်ပိုင်းသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို စေလွှတ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အောက်တိုဘာ ၇ ရက်က ဟားမားစ်အဖွဲ့၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိုင်းလူမျိုး ၃၂ ဦး သေဆုံးခဲ့ပြီး အခြား ၂၂ ဦး ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း အစိုးရက အောက်တို ဘာ ၂၉ ရက်တွင် အတည်ပြုပြောကြားသည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက အပြစ်မဲ့အရပ်သားများအား သတ်ဖြတ်ခြင်းကို ရှုတ်ချခဲ့ပြီး ဓားစာခံများအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားသည်။
အင်န်အိတ်ချ်ကေ


