ဘန်ကောက် အောက်တိုဘာ ၃၁

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည်     အစ္စလာမ္မစ် ဟားမားစ်အဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသော    ထိုင်းနိုင်ငံသားများကို    ကူညီနိုင်ရေးနှင့် ပတ်သက်ပြီး  တွေ့ဆုံဆွေးနွေးရန်အတွက်   အရှေ့ အလယ်ပိုင်းသို့ ရောက်ရှိနေကြောင်း   နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပန်ပရီး ဘာဟီဒါနူကာရာသည် အောက်တိုဘာ ၃၁ ရက်တွင် ကာတာနိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်းဖြစ် ကြောင်း၊ ဒိုဟာမြို့တွင် ဟားမားစ်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ရုံးတစ်ရုံးရှိကြောင်းနှင့် အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာအပါအဝင် ထိပ်တန်းအရာရှိများ  ထိုနေရာတွင်   လည်ပတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ထိပ်တန်းသံတမန်သည် အစ္စရေး နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အီဂျစ်နိုင်ငံ သို့လည်း  သွားရောက်မည်ဖြစ်သည်။   အီဂျစ်နှင့် ကာတာနိုင်ငံတို့သည်  ပြီးခဲ့သည့်သီတင်းပတ်က သက်ကြီးပိုင်း အစ္စရေးအမျိုးသမီး နှစ်ဦး လွတ်မြောက်ရေးနှင့်ပတ်သက်ပြီး ကြားဝင်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးခေါ်ဆောင်

ပန်ပရီးအနေဖြင့် အဆိုပါဒေသတွင် ကြာသပတေးနေ့အထိ ရှိနေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ ယခုလအစော ပိုင်းတွင် အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဟားမားစ်အဖွဲ့က   အလစ်အငိုက်   ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ထိုင်းအစိုးရက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံသား ၃၂ ဦး သေဆုံးကြောင်းလည်း ထိုင်းအစိုးရက ဆက်ပြောသည်။ ထိုင်းနိုင်ငံ သည် ဂါဇာကမ်းမြောင်တွင် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသော ဓားစာခံများအားလုံးကို ချက်ချင်းလွှတ် ပေးရန် တောင်းဆိုထားသည်။                                                                                                               

အင်န်အိတ်ချ်ကေ