ဂါဇာ   အောက်တိုဘာ   ၃၁

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူပေါင်း ၈၅၂၅ ဦး အထိ တိုးတက်လာပြီဖြစ်ကြောင်း ဟားမားစ် ဦးဆောင်ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်တွင် စာရင်းထုတ်ပြန်လိုက်သည်။

သေဆုံးသူများအနက် ၃၅၄၅ ဦးမှာ ကလေးများဖြစ်ပြီး ၂၁၈၇ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာ့ရှ်ရက်ဖ်အယ်လ်ကွက်ဒရာက   ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အစ္စရေးတို့၏ ဆက်လက်ပြုလုပ်လျက်ရှိသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၂၁၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။ ဂါဇာကမ်းမြောင်ဒေသရှိ အကြီး ဆုံး ဆေးရုံဖြစ်သည့် အယ်လ်ရှီဖာဆေးရုံနှင့် မြောက်ပိုင်းအင်ဒိုနီးရှားဆေးရုံရှိ မီးအားပေးစက်များမှာ လည်း မကြာမီလောင်စာဆီပြတ်ပြီး လုပ်ငန်းစဉ်များရပ်ဆိုင်းရတော့မည့်အခြေအနေဖြစ်ကြောင်း  ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ကြောင့်   စက်သုံးဆီ၊    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ  အထောက်အပံ့များ၊ ဆေးဘက် ဆိုင်ရာ အကူအညီများ၊ နိုင်ငံခြားဆေးကုသ မည့်သူများအတွက် အီဂျစ်နှင့် ဂါဇာကမ်းမြောင်ဒေသကြား ရာဖာ့ဂိတ်ကို  ဖွင့်ပေးရန်  ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုထားသည်။

ထို့အပြင်   အစ္စရေးခြေလျင်တပ်များသည် မြောက်ပိုင်းဂါဇာသို့ အောက်တိုဘာ ၃၁ ရက်က ဝင်ရောက် လာပြီး   ပါလက်စတိုင်းတို့  စခန်းချရာ အယ်လ်ကာရာမာသို့    ထွက်ခွာသွားကြောင်း ဟားမားစ်  ဦးဆောင်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။                                 

ဆင်ဟွာ