နေပြည်တော် ၂၀ ဖေဖော်ဝါရီ 

 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှ ဦးမျိုးသန့်ဦးဆောင်သော တောင်သူလယ်သမားများအဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ မီးခိုးကံကွင်း လယ်ယာမြေကိစ္စနှင့် စပ်လျဉ်း၍ လယ်ယာမြေပိုင်ဆိုင်မှုနှင့် အငြင်းပွားမှုများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။ 

 

(သတင်းစဉ်)