နေပြည်တော် ၂ဝ ဖေဖော်ဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ Japan Heart နှင့် International Medical Volunteers တို့ ပူးပေါင်းဆောင်ရွက်သည့် မျက်မမြင်ဆေးပညာ အနှိပ်စံ သင်ရိုးညွှန်းတမ်း (အခြေခံအဆင့်နှင့် အဆင့်မြင့်) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မျက်မမြင်သင်တန်းကျောင်းများနှင့် မျက်မမြင်ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မျက်မမြင်အနှိပ်ပညာရှင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မျက်မမြင်ကျောင်းများမှ ကျောင်းအုပ်များ၊ Japan Heart အဖွဲ့မှ Managing Director Mr. Yuta Momose နှင့် အခြားဖိတ်ကြားထားသူများက မျက်မမြင် ဆေးပညာအနှိပ်စံ သင်ရိုးညွှန်းတမ်းအတွက် ပါဝင်ဆွေးနွေးကြသည်။
ကိုမင်းစိုး


