စစ်ကိုင်း ၂၀ ဖေဖော်ဝါရီ
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ (၂၀)ရက် နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ဈေးကြီးနှင့် ရပ်ကွက်အတွင်း ကုန်မျိုးစုံရောင်းချသည့် ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ တွေ့ရှိရပြီး ဆက်လက်ရောင်းချမှု မရှိစေရေးနှင့် နောင်တွင် ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် ကုန်ပစ္စည်းများကိုသာ ရောင်းချသွားကြစေလိုကြောင်း၊ စားသုံးသူ/ ထုတ်လုပ်သူများနှင့် ပတ်သက်သည့် လုပ်ထုံး/လုပ်နည်းဥပဒေများ ရှင်းလင်းပြောကြားကာ ခွင့်ပြုချက်မရှိ စားသောက်ကုန်များ ဆက်လက်ရောင်းချပါက စာသုံးသူအကာ အကွယ်ပေးရေးဆိုင်ရာ ဥပဒေအရ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ယခုလို ထုတ်လုပ်သူ/ ရောင်းချသူ/ စားသုံးသူများအတွက် ဥပဒေအကြောင်းအရာများကို သိရှိရသည့်အတွက် နောင်တွင် စည်းကမ်းနှင့်အညီ သက်မှတ်ကုန်ပစ္စည်းများကိုသာ ရောင်းချပေးသွားမှာဖြစ်ကြောင်း အဆိုပါဈေးအတွင်း ရောင်းချနေသော မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်မှ မသင်းသင်းလဲ့က ပြောသည်။
ဇော်မြင့်နိုင်


