နေပြည်တော် ၂၀ ဖေဖော်ဝါရီ 

 

(၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပသည်။

 

1

 

အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် မွန်တိုင်းရင်းသားအလံတို့ကို အလေးပြုကြသည်။

 

ထို့နောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဖတ်ကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဝမ်းမြောက်စကားပြောကြားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ထံမှ သဝဏ်လွှာကို ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဖတ်ကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားအတွက် လှူဒါန်းငွေကျပ်သိန်း ၁၀ဝ ကို ပွဲကျင်းပရေးကော်မတီထံ ပေးအပ်ပြီး ခင်းကျင်းပြသထားသော ပြခန်းများကို ကြည့်ရှုအားပေးသည်။ 

 

(သတင်းစဉ်)
ဓာတ်ပုံ - ဟိန်းထက်(ပဲခူး)