ဒီးမော့ဆို ၂၀ ဖေဖော်ဝါရီ

 

ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

4

 

အခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းက အမှာစကားပြောကြားပြီး World Vision  မှ  ဆရာမ ကေသီဝင်းက ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။ 

 

ဆွေးနွေးပွဲတွင် မြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များနှင့် World Vision Myanmar တို့က ကလေးသူငယ် အခွင့်အရေးဆိုင်ရာများဖြစ်သည့် အသက်ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်ဥပဒေ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များတို့ကို  ဆွေးနွေးကြမည်ဖြစ်သည်။

 

အဆိုပါ ဆွေးနွေးပွဲကို ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် World Vision Myanmar တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များနှင့် World Vision Myanmar အဖွဲ့တို့တက်ရောက်ကြပြီး ဆွေးနွေးပွဲကို (၂)ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ကြီးဒဲရယ်(ပြန်/ဆက်)