မော်လမြိုင်ကျွန်း ၂၀ ဖေဖော်ဝါရီ
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
သင်တန်းတွင် ကြက်ခြေနီလှုပ်ရှားမှုများ၊ အရေးပေါ် နှလုံးနှိုးဆွမှုနှင့် အသက်ရှု အားကူနည်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစက်ဝန်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ၎င်း၏သက်ရောက်မှုများ၊ မီးဘေးသင်ခန်းစာများ၊ ကြိုတင်သတိပေးစနစ် ခြုံငုံလေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်နေစဉ်အတွင်း ပြည်သူ့ကျန်းမာရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု မြှင့်တင်ခြင်း စသည့် သင်ခန်းစာများ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
သင်တန်းကို လပွတ္တာခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ(၃၀)ဦး တက်ရောက်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)


