မင်းလှ ၂၁ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဂျင်ရဲမြောင်ကျေးရွာတွင် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ အိမ်ခြေ ၁၆၈ အိမ် လျှပ်စစ်ဓာတ်အားကို အချိန်ပြည့် အသုံးပြုနိုင်တော့မည်ဖြစ်သည်။
အဆိုပါ မီးလင်းရေး လုပ်ငန်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေမှ ကျပ် သိန်း ၁၁၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၅၀၂ ဒသမ ၇ သိန်းတို့ဖြင့် (၃၃.၄ ကေဗွီ၊ ၂၀ဝ ကေဗွီအေ) ထရန်စဖော်မာ တစ်လုံး၊ ၃၃.၄ ကေဗွီ ဓာတ်အားလိုင်း ကြိုးသွယ်တန်းခြင်း ၂၃၅၀ ပေ၊ ၄၀ဝ ဗို့အား ရွာတွင်းလိုင်းကြိုးသွယ်တန်းခြင်း ၃၆၅၀ ပေ လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ၎င်းကျေးရွာတွင် လျှပ်စစ်ဓာတ်အားကို အချိန်ပြည့် သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ပြောသည်။
‘‘အခုလို လျှပ်စစ်မီး အချိန်ပြည့် အသုံးပြုနိုင်တော့ ကျေးရွာရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းတွေ ယခင်ထက် ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး ထမင်းဟင်းချက်ရာမှာ သုံးတဲ့ ထင်း၊ မီးသွေးတွေ အသုံးမပြုတော့တဲ့အတွက် သစ်တောပြုန်းတီးခြင်းမှ ကာကွယ်နိုင်တော့မယ်” ဟု အဆိုပါကျေးရွာနေ ဦးစိန်အောင်မင်းက ပြောသည်။
ငြိမ်းသူ(စလင်း)


