နေပြည်တော် ၂၁ ဖေဖေါ်ဝါရီ
နေပြည်တော် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန နှင့် နေပြည်တော်အတွင်းရှိ အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးဝင်းက နေပြည်တော်တွင် လုပ်ငန်းလိုင်စင်ရရှိထားသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သည့် NGO(၄)ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ(၁၁)ဖွဲ့၊ ပြည်ပကုမ္ပဏီ(၁၇)ဖွဲ့ စုစုပေါင်း(၃၂)ဖွဲ့တို့အနေဖြင့် အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ရာ တွင် အာမခံပစ္စည်း ရယူခြင်းမပြုဘဲ ငွေချေးခြင်းသာဖြစ်၍ အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ပြီး အသေးစား ချေးငွေ မရှိသေးသော ကျေးရွာများသို့ရောက်ရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ အသေးစားချေးငွေသည် ဝင်ငွေနည်း မိသားစုများအား အရင်းအနှီးများရရှိစေပြီး ဆင်းရဲမှုလျော့ချရေးကို အထောက်အကူဖြစ်စေသည့်အတွက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်စေလိုကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်၍ ငွေစာရင်းများကို ပုံစံအသစ်ဖြင့် ဆောင်ရွက်မှာဖြစ်၍ အကြံပြုလိုသည်များရှိပါက အကြံပြုပေးစေလိုကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်တက်ရောက်လာကြသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများက မိမိတို့ဒေသအလိုက် ချေးငွေလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများနှင့် သိရှိလိုသည်များကို အသီးသီး မေးမြန်းဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူး ဦးအေးဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


