နေပြည်တော် ၂၁ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် အစ္စရေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဌာနအကြီးအကဲ Ambassador H.E. Mr. Gilad Cohen ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ၊ လွှတ်တော်ရေးရာဆောင် (I-5)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အစ္စရေးနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ရှည်လျားပြီး အစဉ်ကောင်းမွန်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၊ အစ္စရေးနိုင်ငံ၏ မျက်မှောက်နိုင်ငံတကာ ဆက်ဆံရေး၊ အစ္စရေးနိုင်ငံက ကူညီပံ့ပိုးပေးနေသည့် ပညာရေးနှင့် စိုက်ပျိုးရေးကဏ္ဍ၊ နှစ်နိုင်ငံလွှတ်တော်များ၏ အပြန်အလှန်လည်ပတ်ရေး ခရီးစဉ်များ၊ အစ္စရေးနိုင်ငံ၏ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အခြေအနေကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


