ကံမ ၂၂ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ စည်ပင်သာယာမြို့မဈေးတွင် ယမန်နေ့ နေ့လယ်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကိုပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကော်မတီဝင်များ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ရာတွင် လောင်စာဖြင့်လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးကိုင်တွယ် အသုံးပြုပုံများကို လက်တွေ့သရုပ်ပြခြင်းတို့အား ပြုလုပ်ပြီးနောက် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၃ စီးနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


