မန္တလေး  ၂၂  ဖေဖော်ဝါရီ 

 

မီဒီယာစင်တာမန္တလေးနှင့် IMS Fojo တို့ ပူးပေါင်းကျင်းပသော သတင်းမီဒီယာနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား အမြင်သဘောထားဖလှယ်ခြင်းနှင့် မီဒီယာ၏ရပ်တည်မှုဆိုင်ရာ စကားဝိုင်းကို မန္တလေးမြို့၊ ၃၅ လမ်းရှိ ရှမ်းတိုင်းရင်းသားသာရေးနာရေးအသင်းရုံး တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မီဒီယာစင်တာမန္တလေး ထိန်းသိမ်းရေးနှင့်တိုးတက်ရေးကော်မတီ မှ ကော်မတီဝင် ဆရာအေးစုမွန်က အမှာစကားပြောကြားသည်။ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း၊ Human Right , Peace & Development မှ Executive Director  မစုချစ် နှင့် Yangon  Journalism School  မှ ဆရာရဲနိုင်မိုး တို့က ဦးဆောင်ဆွေးနွေးပြီး  စာရေးဆရာ ဦးသန်းနိုင်ဦး က Moderator အဖြစ် ဆောင်ရွက်သည်။ ထို့နောက် တက်ရောက် လာသော သတင်းမီဒီယာသမားများက သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးပြောကြားသည်။

 

အဆိုပါ စကားဝိုင်းသို့ စာရေးဆရာကြီး ဆရာညီပုလေးနှင့် စာရေးဆရာများ၊ မီဒီယာစင်တာမန္တလေးမှ တာဝန်ရှိသူများ၊ IMS Fojo မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)