ရန်ကုန် ၂၂ ဖေဖော်ဝါရီ
နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ် အနေဖြင့် ဂျပန်နိုင်ငံ Kyushu တက္ကသိုလ်၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ကု ပညာဌာနမှ ပါမေက္ခ Takeshi Mitsuyasu ဦးဆောင်သော အဖွဲ့သည် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ကု ပညာဌာနမှ ဆရာ/ဆရာမများနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၁ ရက်အထိ နှုတ်ခမ်းကွဲလူနာ (၉) ဦး၊ အာခေါင်ကွဲ လူနာ (၁၄) ဦး၊ နှာခေါင်းခွဲ စိတ်ပြုပြင်လူနာ (၂)ဦးနှင့် သွားဖုံးအရိုး အစားထိုးလူနာ (၃)ဦး စုစုပေါင်း (၂၈) ဦးတို့အား အခမဲ့ ခွဲစိတ်ကုသမှုပေးခဲ့ကြောင်း သိရသည်။
(မောင်မောင်မျိုး)


