နေပြည်တော် ၂၂ ဖေဖော်ဝါရီ
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လွှတ်တော်သို့ လေ့လာရေးခရီး လာရောက်ကြသည့် Center for Asian Legal Exchange မှ Assistant Professor , Ms. Emi Makino နှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လွှတ်တော်ရေးရာဆောင် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အထူးကော်မရှင်ဥက္ကဋ္ဌမှ ကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် ဥပဒေရေးရာ ကိစ္စရပ်များအပေါ် ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည် ဖြေကြားပေးသည်။
(သတင်းစဉ်)


