နေပြည်တော် ၂၂ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် (ကျောက်စစ်ကြိုးဝိုင်း) နှင့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် (မြောက်ဇာမရီကြိုးဝိုင်း) တို့တွင် တရားမဝင် သစ်ခိုးထုတ်နိုင်သည့် လမ်းကြောင်းများ (ယခင်သစ်ထုတ်လမ်းဟောင်းများ) ကို ဖေဖော်ဝါရီ ၂၀ ရက်က ဘတ်ဟိုးဖြင့် ဖျက်ဆီးခဲ့သည်။
လမ်းကြောင်း(၁)ကြောင်းလျှင်(၃)နေရာ ဖျက်ဆီးခဲ့ပြီး လမ်းကျဉ်းသည့် နေရာများတွင် အဓိကဖျက်ဆီးခဲ့ရာ အလျား၃၄ ပေ၊ အနံ ၆ ပေ၊ အနက် ၄ ပေ အရွယ်ကျင်းများတူး၍ ဖျက်ဆီးခဲ့ပါကြောင်း သစ်တောဦးစီးဌာနမှ သိရှိရသည်။
(မောင်လူမော်)


