ရေနံချောင်း ၂၃   ဖေဖော်ဝါရီ 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမပညာသင်ကာလတွင် ရေနံချောင်းဒီဂရီကောလိပ် ခြေလျင်နှင့် တောင်တက်အသင်း ဝိတိုရိယတောင်ကို အောင်မြင်စွာတက်ရောက်နိုင်ရန် လမ်းလျှောက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၅ နာရီခွဲက ရေနံချောင်းဒီဂရီကောလိပ်ကျောင်းဝန်း ဘောလုံးကွင်းစုရပ်မှ စတင်ခဲ့ကြောင်း သိရသည်။

 

DSC059

 

လမ်းလျှောက်လေ့ကျင့်ခြင်းကို ကျောင်းဘောလုံးကွင်းမှစတင်၍ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့အထိလည်းကောင်း၊ ရွာသစ်-ရွှေကြာငုံလမ်းအတိုင်း ရွှေစေတီလမ်းခွဲမှ မြန်မာ့ရေနံသယ်ပို့စက်ပြင်ဌာနလမ်းခွဲအထိလည်းကောင်း၊ သခင်ဖိုးလှကြီးလမ်းမှ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှေ့အထိလည်းကောင်း၊ ထိုမှတဆင့်ရန်ကုန်-မန္တလေး လမ်းမကြီးအတိုင်း ရေနံချောင်း ဒီဂရီကောလိပ်ဝန်း ကျောင်းဘောလုံးကွင်းအထိ စုစုပေါင်း ၇ မိုင်ကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၂၆၇ ဦးတို့က အသွားအပြန်လမ်းလျှောက်လေ့ကျင့်ခဲ့ကြောင်း ရေနံချောင်းဒီဂရီကောလိပ် ခြေလျင်နှင့်တောင်တက်အသင်းဥက္ကဋ္ဌ ဒေါက်တာပိုင်စိုး(ဘူမိဗေဒဌာနမှူး)ထံမှ သိရ သည်။

 

အဆိုပါတောင်တက်အသင်းသည် ခရီးတိုအဖြစ် ပုပ္ပါးတောင်မကြီးသို့ တက်ရောက်မည်ဖြစ်ပြီး ခရီးရှည်အဖြစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဝိတိုရိယတောင်ကို အောင်မြင်စွာတက်ရောက်နိုင်ရန် ယခုကဲ့သို့ လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုစိုးကြီး

 

DSC05938