ပူတာအို ၂၃ ဖေဖော်ဝါရီ
ကချင်ပြည်နယ် ပူတာအိုမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး သာယာလှပစေရန်နှင့် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်ခြင်းမရှိစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ လေယာဉ်ကွင်း ဈေးသူ/သားများနှင့် ရပ်ကွက်နေ ပြည်သူများက ယနေ့နံနက်ပိုင်းတွင် လေယာဉ်ကွင်းလမ်းဆုံ ရုပ်ထုမှစတင်၍ ဈေးပတ်လမ်းအတိုင်း လမ်းဘေးရေနုတ်မြောင်းများ၌ စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များကို စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ကြသည်။
ဖုန်ကန်(ပူတာအို)


