ညောင်တုန်း ၂၃  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၏ အနောက်ဘက်၊ ရန်ကင်းစံရွာကျေးရွာ သဘာဝသဲသောင်မြေ (ညောင်ချောင်းသာကမ်းခြေ)ပေါ်တွင် ကရင်ရိုးရာဒုံးယိမ်းအကအဖွဲ့၊ ရိုးရာဆင်အကအဖွဲ့၊ မြန်မာဆိုင်းဝိုင်းကြီးများဖြင့် ညောင်ချောင်းသာအပန်း ဖြေကမ်းခြေဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။ 

 

ညောင်ချောင်းသာ အပန်းဖြေကမ်းခြေသည် သဘာဝသဲသောင်ပြန့် ပေါ်ထွန်းလျှက်ရှိပြီး အပန်းဖြေသူဧည့်သည်များ အနားယူ အပန်းဖြေနိုင်ရန် ဘန်ဂလိုနှင့် သီးသန့်နားနေဆောင်များ၊ ရေပေါ်ဟိုတယ်နားနေဆောင်နှင့် ဆိုင်ခန်းပေါင်း(၅၀)ကျော်အား စနစ်တကျ သက်သောင့်သက်သာ ကောင်းမွန်စွာအနားယူနိုင်ရန် စီစဉ်ဆောက်လုပ်ပေးထားသည်။ ကမ်းခြေအထိ ကား တိုက်ရိုက်ဆင်းနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားသည်။ ကမ်းစပ်မှပေ(၅၀ဝ)ခန့်အထိရေကစားနိုင်ကြောင်း သိရပြီးရေလာ ရောက်ကစားသူ အပန်းဖြေသူဧည့်သည်များ အန္တရာယ်ကင်းစေရန် ကြက်ခြေနီ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအစီအမံများ ဖြင့်ညောင်ချောင်းသာကော်မတီမှကြိုတင်စီ စဉ်ဆောင်ရွက်ထားရှိကြောင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ပြောပြသည်။ 

 

beach1

 

ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အခမ်းအနားသို့တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် လာရောက်လည်ပတ်ကြသော အပန်းဖြေသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ညောင်ချောင်းသာကမ်းခြေတွင် နေ့စဉ် အပန်းဖြေသူ ၃ဝဝ မှ  ၅ဝဝ ခန့် လာရောက်လျှက်ရှိပြီး စနေ၊  တနင်္ဂနွေနှင့်ရုံးပိတ်ရက်များတွင် ပိုမိုစည်ကား လာရောက်အပန်းဖြေသူများ ပြားလျှက်ရှိသည်။ ရန်ကုန်မြို့မှ(၃၄)မိုင်သာကွာဝေးပြီး အပန်းဖြေလာရောက်လည်ပတ်မည် ဆိုပါက လှိုင်သာယာ(ဒဂုံဧရာ)အဝေးပြေးဂိတ် ရန်ကုန်မြို့မှ တစ်နာရီ အချိန်တိုအတွင်း (နေ့ခြင်းပြန်) သက် သောက်သက်သာ၊ အကုန်အကျနည်းပြီး၊ ဈေးနှုန်းချိုသာစွာဖြင့် လာရောက်လည်ပတ်နိုင်သော အပန်းဖြေအနားယူစရာနေရာတစ်ခုဖြစ်သည်။

 

ထွန်းကျော်(ညောင်တုန်း)

 

IMG_20190223