နေပြည်တော်  ၂၃  ဖေဖော်ဝါရီ 

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)  အစည်းအဝေးခန်းမ၌ ဇေယျာသီရိမြို့နယ်အတွင်းရှိ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူများ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာ တွင်ပြည်သူများလုံးခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ပြည်သူများရဲ့လိုအပ်ချက်များကို တင်ပြနိုင်ရန်အတွက် ယခုလိုတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိမှုများ၊ ပညာရေး၊ ကျန်းမာရေးစသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှ ဆောင်ရွက်ပေးစေလိုသည့်ဖွံ့ ဖြိုးရေးလုပ်ငန်းများကိုတင်ပြကြရာ သက်ဆိုင်ရာ အကြီးအကဲများက ပြန်လည်ဖြေကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြာခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ပြန်/ဆက်)

 

_DSC390