မန္တလေး ၂၃ ဖေဖော်ဝါရီ 

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများ၊ စေတီပုထိုများကို ထိန်းသိမ်းရေးအတွက် ငလျင်မြေပုံထုတ်ယူခြင်းနှင့် သဘာဝဘေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အချက်အလက်ကောက်ယူသည့် Pilot Project လုပ်ငန်းများမှာ လာမည့်မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။ 

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများ၊ စေတီပုထိုများကို ထိန်းသိမ်းရေးအတွက်ငလျင်မြေပုံထုတ်ယူခြင်းနှင့် သဘာဝဘေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အချက်အလက်ကောက်ယူသည့် Pilot Project လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လကစတင်ကာ အချက်လက်များကောက်ယူခဲ့ကြောင်း သိရသည်။ 

 

“မြေပုံထုတ်ဖို့ ဆောင်ရွက်နေပါတယ်။ ငလျင်ကော်မတီ စင်ကာပူက ပညာရှင်များနဲ့ ပေါင်းပြီး ငလျင်မြေပုံ ထုတ်နိုင်ရေး အချက်အလက်တွေ ကောက်တုန်းပဲ။ မပြီးသေးဘူး။ တောက်လျှောက်လုပ်နေတယ်။ Pilot Project က မတ်လမှာ ပြီးမယ်မှန်းထားတယ်။ အားလုံးပြီးဖို့ဆိုတာကလည်း ရက်ပိုင်း/လပိုင်းနဲ့ မဖြစ်နိုင်ဘူး။ အဖွဲ့ပေါင်းစုံနဲ့ လုပ်ဆောင် နေကြပါတယ်”ဟု ဦးအောင်အောင်ကျော် ကပြောသည်။
 


ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ ထိန်းသိမ်းရေးအတွက် Micro Tremor Method ဖြင့် မြေပြင်အချက်အလက်များကို ပွိုင့်တစ်ခုနှင့်တစ်ခု မီတာ ၂၀ဝ မှ ၃၀ဝ ကြား အသေးစိတ်ကွင်းဆင်းတိုင်းတာ၍ မြေငလျင်ပြ ဇုန်မြေပုံ(Seismic Hazard Map)နှင့် (Seismic Risk Assessment Map)ရေးဆွဲသွားမည်ဖြစ်ပြီး ရှေးဟောင်း အဆောက်အအုံများ ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့် နည်းလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

 

ပုဂံဒေသတွင်၂၀၁၆ ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့ (၁ရးဝ၅)နာရီတွင် ရစ်ချ်စတာစကေး (၆ ဒသမ ၈)အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် ကွင်းဆင်းစစ်ဆေးမှုများအရ ၃၈၉ ဆူ ပျက်စီးခဲ့သည်။ ဦးစားပေးအစီအစဉ်များဖြင့် ထိန်းသိမ်းမှုများလုပ်ဆောင်ခဲ့ပြီး အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော ၁၁၁ ဆူ၊ စုစုပေါင်း ၃၃၅ ဆူကို လုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ကာ ၂၀ ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။ 

 

အိမို့မို့ခိုင် 

Photo - ရှေးဟောင်းယဉ်ကျေးမှုနှင့် အမျိုးသားပြတိုက်ဦးစီးဌာန