ပခုက္ကူ ၂၃ ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ပခုက္ကူမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်နှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရန်အတွက် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရောင်ပြန်စတစ်ကာနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ်နှင်းလွှာဦးနှင့် ပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့နယ်၊ ကျွဲတဲအုပ်စု၊ မြို့သစ်လမ်းရှိ မြို့ရှောင်လမ်းနှင့် ရေစကြိုလမ်းဆုံတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ခရီးသွားပြည်သူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်နှင့် ရောင်ပြန်စတစ်ကာများ ဖြန့်ဝေ၍ မှုခင်းအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အလားတူ ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ်သင်းသင်းဦးနှင့် အဖွဲ့သည် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရွှေချောင်းအဝိုင်းတွင် ခရီးသွားပြည်သူများ ယာဉ်/လမ်းစည်းကမ်း လိုက်နာစေရန် ရောင်ပြန်စတစ်ကာနှင့် မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေအေတီ