ချောင်းသာ ၂၄ ဖေဖော်ဝါရီ
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ပွဲကို ဖေဖော်ဝါရီ (၂၄)ရက် နံနက် ၈ နာရီက ချောင်းသာ အုန်းကျွန်ထိပ်ကမ်းခြေမှစတင်၍ စပါးထားတံတားထိပ် ကမ်းခြေထိ ဆောင်ရွက်ခဲ့သည်။
အဆိုပါစုပေါင်း အမှိုက်ကောက်ပွဲတွင် ချောင်းသာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး စိတ်ပါဝင်စားသူများ၊ ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


