နတ်မောက် ၂၄ ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် နတ်မောက်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးအား ယမန်နေ့နံနက် ၁ဝ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခဲ့သည်။

 

15

 

အဆိုပါ မီးဘေးကြိုတင် ကာကွယ်ရေးသရုပ်ပြသခြင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ဆီမီးလောင်မှုငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် အသုံးပြုခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)