ကျိုက်မရော  ၂၄ ဖေဖေါ်ဝါရီ 

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်း ၂၀၁၈ ဇူလိုင်လအတွင်း အတ္တရံမြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်ခြင်းခံရသော တောင်သူလယ်သမားများထံ မြန်မာချိကျိ ဖောင်ဒေးရှင်း ပရဟိတအသင်း ထိုင်ဝမ်မှ လာရောက်လှူဒါန်းသော ဆင်းသုခမျိုးစပါးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ကျင်းပခဲ့သည်။

 

111

 

အခမ်းအနားတွင် မြန်မာချိကျိဖောင်ဒေးရှင်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက မျိုးစပါးများ လာရောက်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က တောင်သူလယ်သမားများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော လယ်သမားများထံ ဆင်းသုခမျိုးစပါး တင်းပေါင်း (၇၁၆၀)အား လယ်သမားကြီး (၁၇၇၉) ဦးတို့ထံ တစ်ဦးချင်း ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)