မုံရွာ ၂၄ ဖေဖော်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်း မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ အသားထုတ်လုပ်မှု ကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက် ကျွဲ၊ ခိုင်းနွားနှင့် နွားနောက်(အသားစား) ကောင်ရေ (၂၅ဝ၇၅)ကောင် မွေးမြူထားကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ရုံးမှ သိရသည်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တော၊ တောင်များ ပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ရွှေ့ပြောင်းတောင်ယာစနစ်များကို အများဆုံး အသုံးပြုစိုက်ပျိုးကြရာ  ၎င်းစိုက်ပျိုးရေးလုပ်ငန်းများတွင် ကျွဲနှင့် ခိုင်းနွားများကို အများဆုံးအသုံးပြုကြပြီး နွားနောက်မွေးမြူရေးကို ဒေသတွင်း အသားစားသုံးနိုင်ရန်အတွက် တစ်ပိုင်တစ်နိုင် မွေးမြူခြင်းဖြစ်ကြောင်း သိရသည်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့နယ်တွင် ကျွဲ (၂၂၅၃)ကောင်၊ ခိုင်းနွား (၁၃၂၆)ကောင်နှင့် နွားနောက် (၇၈၆)ကောင်အားလည်းကောင်း၊ လဟယ်မြို့နယ်တွင် ကျွဲ (၃၈၈)ကောင်၊ ခိုင်းနွား (၁၂၇၈)ကောင်နှင့် နွားနောက် (၃ဝ၆၈)ကောင်အားလည်းကောင်း၊ နန်းယွန်းမြို့နယ်တွင် ကျွဲ (၅၆၅၆)ကောင်၊ ခိုင်းနွား (၁ဝဝ၃၂)ကောင်နှင့် နွားနောက် (၂၈၈)ကောင်အားလည်းကောင်း မွေးမြူထားကြောင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ရုံး၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)