ရန်ကုန် ၂၄ ဖေဖော်ဝါရီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ၊ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည့် အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်မွေးနေ့အထိမ်းအမှတ် နိုင်ငံဖြတ်ကျော် ကားမောင်း ပြိုင်ပွဲ ပြီးဆုံးခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Shiri Saurabh Kumar နှင့်တာဝန်ရှိ သူများသည် ညနေ ၅ နာရီခွဲတွင် ဟိုတယ်ဝင်းအတွင်းဝင်ရောက်လာသည့် ပြိုင်ပွဲဝင် ကားများကို ကြိုဆိုကြသည်။
ဆက်လက်၍ ပြိုင်ပွဲပြီးဆုံးခြင်းအခမ်အနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း တိုးတက်မှုရရှိစေရန် အတွက် နယ်စပ်ဝင်ပေါက်များမှပြည်ပ ဧည့်သည်များ ဝင်ရောက်နိုင်ရေးဆောင်ရွက် လျှက်ရှိရာ တမူး-မိုရေး နှစ်နိုင်ငံဝင်ပေါက်မှ ဝင်ရာက်မည့် အိန္ဒိယ ခရီးသွားဧည့်သည် များအတွက် ဆိုက်ရောက်ဗီဇာကို ခွင့်ပြုပေးထားပြီးဖြစ်သဖြင့် ခရီးသွားများ မြန်မာနိုင်ငံ သို့ ပိုမိုဝင်ရောက်လည်ပတ်ကြမည်ဟု ယုံကြည်ပါကြောင်း ၊ ယခုကဲ့သို့ နိုင်ငံဖြတ်ကျော် ကားမောင်းပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းတိုးတက်မှုကိုများစွာ အထောက် အကူဖြစ်သဖြင့် အနာဂတ်တွင် ယခုကဲ့ သို့ ပြိုင်ပွဲများ၊ အခမ်းအနားများကို ပိုမိုအကောင် အထည်ဖော်ဆောင်ရွက်နိုင် မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံ၏ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖြေဖျော်ကြသည်။
(သတင်းစဉ်)


