ဖေဖော်ဝါရီ ၁၉
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းနာရစ်စတန်ပြည်နယ်ရှိကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားသဖြင့် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး အခြားဆယ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဘာ့ခ်ထာသတင်းအေဂျင်စီက ယနေ့တွင်ဖော်ပြထားသည်။ နာဂါရမ်ခရိုင်တွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါမြေပြိုမှုကြောင့် နေအိမ်အလုံးပေါင်း ၂၀ ထက်မနည်းပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသဖြင့် ထိခိုက်ဒဏ်ရာရသေဆုံးသူဦးရေ ပိုမိုများပြားလာနိုင်သည်ဟု ဒေသခံများက ယူဆထားသည်။ မြို့တော်ကဘူးလ်အပါအဝင် အာဖဂန်နစ္စတန်နိုင်ငံ၏ဒေသများတွင် ယမန်နေ့မွန်းလွဲပိုင်းမှစတင်ကာ မိုးရွာသွန်းခြင်းနှင့် နှင်းများကျဆင်းခြင်းတို့ ဖြစ်ပွားလျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


