ပဲခူး ၂၅ ဖေဖော်ဝါရီ

 

ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက စက်မှုဝန်ကြီး ဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျား သင်တန်း အမှတ်စဉ် (၃/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

 

02

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး စက်မှုဝန်ကြီး ဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

003

 

အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်ပတ်သက်၍ နေအိမ်၊ အဆောက်အဦ များတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ်လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ သင်တန်းသား ၆၀ တက်ရောက်ကြောင်း သိရသည်။

 

ကျေးလက်ဒေသအခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ် (၃/၂၀၁၉) တွင် စက်မှုဝန်ကြီး ဌာနမှ လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းတွင် အတွေ့အကြုံရှိပြီးသော လျှပ်စစ်ကျွမ်းကျင်သူများက အထောက်အကူပြုပစ္စည်းများသုံးပြီး စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)