ဒေးဒရဲ  ၂၅   ဖေဖော်ဝါရီ 

 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သုံးဒါတ်ကျေးရွာအုပ်စု၊ အကယ်ကျေးရွာ၊ ဇောတိကဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လယ်ယာမြေပြုပြင်မည့် သမဝါယမအသင်းသား တောင်သူများသို့ ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်  မွန်းလွဲ ၁ နာရီ ကျင်းပပြုလုပ်ခဲ့သည်။

 


အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

 

ေ

 

ဆက်လက်ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိုးစိုးညွန့် လယ်ယာမြေပြုပြင်ဆောင်ရွက်ရသည့် အကြောင်းအရင်းများအား ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်အသင်းစုဥက္ကဌက ချေးငွေထုတ်ချေးခြင်းကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။ 

 


ထို့နောက် တာဝန်ရှိသူများက လယ်ယာမြေပြုပြင်မည့် တောင်သူ(၂၇)ဦး၏ လယ်မြေ ဧက (၁၀ဝ)အား စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရေးနှင့် လယ်ယာမြေများ အဆင့်မြှင့်တင်ပြုပြင်ခြင်း အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 


MDN