၂၅ ဖေဖော်ဝါရီ


ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၃ တွင် ပါရှိသော  လှိုင်သာယာ - တွံ့တေး ကားလမ်းဘေး ပန်းလှိုင်တံတား အဆင်းရှိ ဆီသိုလှောင်ခြံ မီးလောင်မှုဖြစ် ခေါင်းစဉ်ပါ သတင်းမှာ သတင်းထောက် ထွန်းလှိုင်(မြိုင်)က ပေးပို့လာသဖြင့် မြန်မာ့အလင်းစာတည်းအဖွဲ့က ဖော်ပြမိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ သတင်းမှာ ယမန်နှစ်က ဖြစ်ပွားခဲ့သော သတင်းဟောင်းတစ်ပုဒ်ဖြစ်ကြောင်း စိစစ်သိရှိရသဖြင့် ယခုကဲ့သို့ မှားယွင်းဖော်ပြမှုအတွက် စာဖတ်သူများအား အနူးအညွတ် တောင်းပန်အပ်ပါသည်။ မှားယွင်းမှုအတွက် တာဝန်ရှိသော သတင်းထောက်နှင့် စာတည်းအဖွဲ့မှ တာဝန်ရှိသူများအား လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။   


(စာတည်းမှူးချုပ်၊ မြန်မာ့အလင်းသတင်းစာ)