မန္တလေး ၂၅ ဖေဖော်ဝါရီ

 

တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကျင်းပသော တရုတ်အစားအစာ စားဖိုမှူး မွမ်းမံသင်တန်းကို မန္တလေးမြို့၊ ၅၃ လမ်း၊၃၁×၃၂လမ်းကြားရှိ Golden Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

 

5779

 

ရှေးဦးစွာ အခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုဖြတ်ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးကျော်မင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ အစိုးရအဖွဲ့ ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး မစ္စတာ ဝေ့ကမ်း တို့က အမှာစကားပြောကြားသည်။

 

သင်တန်းတွင်  တရုတ်ဟင်းချက်နည်း ယဉ်ကျေးမှုအကြောင်း မိတ်ဆက်ခြင်း၊ ဓားသွေးနည်း၊ ဓားကိုင်နည်း၊ ကြော်အိုးကိုင်နည်း၊ မာလာပဲပြားချက်(မာဖောတိုဟူး)၊ ဝက်သားမျှင်ငရုတ်ပွ ၊ သုံးထပ်သားပဲငပိချက်၊ ကြက်ကုန်းဘောင်ကြော် ၊ မာလာဝက်သားပြားဟင်းရည်၊ ငါးကြံမဆိုင်၊ မာလာဟောပေါ့၊ အမဲသား ငရုတ်ပွကြော်၊ ဆန်မှုန့်ဝက်သားပေါင်း၊ ယူနန် စတိုင် ဝက်သားကြော်၊ ဒေါင်းငါးပေါင်း၊ဝက်ကျောက်ကပ်ကြော်၊ ငါးန္ဓမာ၊ ကြက်ပေါင်းနှပ်ချက်၊ရွှေဖရုံသီး အချိုပေါင်း၊ ကိတ်မုန့် ပေါင်း အစရှိသော တရုတ်အစားအစာ အခြားဟင်းချက်နည်းများ၊ ဟင်းလျာများအား  နှင်းဆီပန်းပုံဖော်နည်း၊ ဂန္ဓမာပန်းပုံဖော်နည်း၊ ဖရဲသီးပန်းပုံဖော်နည်း၊လိပ်ပြာပုံဟင်း၊ပန်းပေါင်းစုံဟင်း အစရှိသည်များ သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို အထက်မြန်မာပြည်မြို့များမှ သင်တန်းသား/သူ စားဖိုမှူး ၃၀ တို့အား (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

 

သန်းဇော်မင်း(ပြန်/ဆက်)