နေပြည်တော်  ၂၅ ဖေဖော်ဝါရီ 

 

အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၁၉ ခုနှစ် (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို ယနေ့နံနက် ၇ နာရီမှစတင်ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။

 

110

 

ပထမနေ့ပွဲစဉ်များအဖြစ် အမျိုးသမီး မီတာ(၅၀ဝ၀) အပြေး၊ အမျိုးသမီးသံပြားဝိုင်းပစ်၊ အမျိုးသမီးတုတ်ထောက်ခုန်၊ အမျိုးသား မီတာ(၁၁၀)တန်းကျော်ပြေး၊ အမျိုးသားအလျားခုန် နှင့် အမျိုးသားမီတာ(၄၀ဝ) ပြိုင်ပွဲများတွင် အားကစားသမားများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

 

3

 

(၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ၄၄ မျိုးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အပါအဝင် ဝန်ကြီးဌာန ၈ ခုမှ အားကစားသမား ၂၁၄ ဦးက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)

 

6

 

444

 

8

 

10