လှိုင်းဘွဲ ၂၆ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ဝင်းစိန်ကျေးရွာ၊ ဒိုင်းပြကျေးရွာရှိ အမျိုးသမီးရေးရာအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က အဆိုပါ ကျေးရွာများ၌ ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာ ဒေါ်သက်သက်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးရွာအတွင်းရှိ အမျိုးသမီးရေးရာအဖွဲ့များက တစ်ဦးချင်းမိတ်ဆက်၍ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ဝင်းစိန်ကျေးရွာနှင့် ဒိုင်းပြကျေးရွာအတွင်း၌ ကျေးလက်ဒေသ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေး၊ ကူးစက်ရောဂါကာကွယ် ရေး၊ အာဟာရပြည့်ဝစွာရရှိရေး၊ ပညာရေး၊ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေး စသည့် ကဏ္ဍများအား ကျေးရွာအလိုက်တာဝန်ခံ စေတနာ့ဝန်ထမ်း အမျိုးသမီး ဆယ်အိမ်စုမှူးများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


